Quantcast
Channel: DHAMMA GARDEN CENTRE
Viewing all articles
Browse latest Browse all 145

ဒီဓလေ့ (၂)

$
0
0
 (မလေးရှားရောက်ရွှေမြန်မာတို့ကို
သီတင်းကျွတ်လပြည့်ညက ကပုန်းကျောင်းတွင်
ဟောကြားဆုံးမပေးသောတရာတော်ဖြစ်ပါသည်။)

ဒီသီတင်းကျွတ်လပြည့်နေ့ကို ပ၀ါရဏာနေ့လို့သာခေါ်တာ မဟုတ်ဘူး။
အဘိဓမ္မာအခါတော်နေ့လို့လည်း ခေါ်သေးတယ်။
ဒို့ဗုဒ္ဓဘာသာစာပေမှာ ပိဋကတ်သုံးပုံရှိတယ်။
ဝိနည်းပိဋကတ်၊ သုတ္တန်ပိဋကတ်၊ အဘိဓမ္မာပိဋကတ်တဲ့။
ဒီသီတင်းကျွတ်လပြည့်နေ့ကို ၀ိနည်းအခါတော်နေ့၊
သုတ္တန်အခါတော်နေ့လို့မခေါ်ဘဲ ဘာလို့ အဘိဓမ္မာအခါတော်နေ့လို့ ခေါ်ရတာလဲ။
သိသင့်တာပေါ့။

ဒို့ဘုရားရှင်ရဲ့ မယ်တော်မာယာဟာ
ကပိလ၀တ်ပြည်မှ ဒေ၀ဒဟပြည်ကို အသွား
လမ်းခရီးအင်ကြင်းတော၊ အင်ကြင်းပင်အောက်မှာ
ဘုရားအလောင်းတော်လေးကို ဖွားမြင်ပါတယ်။
မွေးဖွားချိန်မှာ
မယ်တော်မာယာ့အသက် အတော်ကြီးရင့်နေပြီတဲ့။
အသက် ၅၆ နှစ်ကျော်နေပြီလို့ ဆိုပါတယ်။
အသက်ကလည်း ကြီး၊
မီးဖွားရတဲ့နေရာကလည်း ခုခေတ် ဆေးရုံ ဆေးခန်းလိုမျိုး
လုံလုံခြုံခြုံ နွေးနွေးထွေးထွေး နေရာမျိုးမဟုတ်၊
ဆိုတော့ မယ်တော်မာယာရဲ့ ကျန်းမာရေးထိခိုက်မှာ သေချာပါတယ်။
မကြာပါဘူး၊ ဘုရားအလောင်းတော်လေးမွေးဖွားပြီး
(၇) ရက်မြောက်မှာ မယ်တော်မာယာဆုံးပါးသွားတယ်။
နတ်ရွာစံသွားတယ်ပေါ့။

ဒီကိစ္စနဲ့ပတ်သက်ပြီး ဆရာတော်အရှင်သြဘာသာဘိဝံသ က
သူ့ရဲ့ သုတေသနသမ္မာမဂ္ဂင်္ဂပဥှာကျမ်းမှာ ဒီလိုဖော်ပြထားပါတယ်။

မေး။
အလောင်းတော် သိဒ္ဓတ္ထမင်းသားဟာ
မယ်တော်မာယာ သက်တော် ဘယ်လောက်မှာ
ပဋိသန္ဓေတည်နေစွဲယူပါသလဲ၊
သက်တော် ဘယ်လောက်ထဲမှာ နတ်ရွာစံပါသလဲဘုရား၊…
ဖြေ။
အင်း…ကြံကြံဖန်ဖန် တော်တော်တွေးပြီး မေးတာပဲကိုး၊
သည်အကြောင်းအရာကို သမန္တစက္ခုဒီပနီစတဲ့ ကျမ်းဆရာတော်တို့က
အသက်တစ်ရာတမ်းကို သုံးပုံပုံ၍ အရွယ်သုံးပါး ပိုင်းခြားထားကာ
မယ်တော်မာယာ၏ ဒုတိယပိုင်းအရွယ်
အသက် ၅၅ နှစ် နှင့် ၆ လ အရက် ၂၀ ရောက်သော
ဝါဆိုလပြည့် ကြာသပတေးနေ့မှာ
အလောင်းမင်းသား ပဋိသန္ဓေတည်နေစွဲယူကြောင်းနှင့်…

မယ်တော်မာယာ၏ ၀မ်းဗိုက်ရတနာတိုက်ခန်းမှာ
ဆယ်လကြာမျှ ကိန်းအောင်းလျက် ကဆုန်လပြည့် သောကြာနေ့၌
ဖွားမြင်တော်မူကာ ခုနစ်ရက်ကြာသောအခါ မယ်တော်မာယာ နတ်ရွာစံရသည်တဲ့။

သည်နှစ်ရပ်ကို ပေါင်းစပ်လိုက်လျှင် ၅၆ နှစ်နှင့် ၄ လ၊ ၂၇ ရက်ရှိရမှာမို့
သက်တော် ၅၆ နှစ်၊ ၄ လ၊ ၂၇ ရက်မှာ မယ်တော်မာယာ နတ်ရွာစံကြောင်းနဲ့ သိရတယ်၊
မိမိတို့ရဲ့ အထွတ်ထိပ်ထား ဗုဒ္ဓဘုရားကိစ္စမို့ သိထားကြပေါ့လေ၊
ဒါဟာ သိထားရမယ့် ဘာသာရေးအချက်ပဲကိုး။….

ဘုရားအလောင်းတော်လေးရဲ့နာမည်က သိဒ္ဓတ္ထ တဲ့။
အသက် ၁၆ နှစ်အရွယ်မှာ ယသောဓရာဆိုတဲ့အမျိုးသမီးနဲ့ အိမ်ထောင်ပြုတယ်။
အသက် ၂၉ နှစ်အရွယ်မှာ သားတော်ရာဟုလာလေး ဖွားမြင်တယ်။
ဖွားမြင်ပြီးမကြာပါဘူး။ လောကီအာရုံကာမဂုဏ်ကို ငြီးငွေ့ပြီး တောထွက်တယ်။
တောထဲမှာ ၆ နှစ်ကြာတရားကျင့်ပြီး
အသက် ၃၅ နှစ်အရွယ်မှာ ဘုရားဖြစ်ပါတယ်။
ဘုရားဖြစ်ပြီး ၁ ၀ါ၊ ၂ ၀ါ၊ ၃ ၀ါ၊ ၄ ၀ါ၊ ၅ ၀ါ၊ ၆ ၀ါ
၇ ၀ါမြောက်မှာ နတ်ပြည်မှာ ၀ါဆိုပါတယ်။

လူ့ပြည်မှာ ၇ ရက်သာတွေ့လိုက်ရတဲ့
လောလောဆယ် နတ်ပြည်မှာ နတ်သားသွားဖြစ်နေတဲ့
မယ်တော်မာယာတစ်ဖြစ်လဲ သန္တုဿိတနတ်သားကို ကျေးဇူးဆပ်တဲ့အနေနဲ့
တရားသွားဟောဖို့အတွက် နတ်ပြည်မှာ (၇) ၀ါမြောက် ၀ါဆိုရတာပါ။
ဟောတဲ့တရားက အဘိဓမ္မာတရားပါ။

နတ်ပြည်မှာ ကျေးဇူးဆပ်အဘိဓမ္မာတရားဟောပြီး
ခုလို သီတင်းကျွတ်လပြည့်ညမှာ လူ့ပြည်ကို ဘုရားရှင် ပြန်ဆင်းလာပါတယ်။
လူ့ပြည်က လူတွေက ဘုရားရှင်ကို ကြိုဆိုတဲ့အနေနဲ့
မီးရှူးမီးပန်းတွေ လွှတ်ကြပါတယ်။
ဗျောက်အိုးတွေ ဖောက်ကြပါတယ်။
ဆီမီးတွေ ကိုယ်စီညှိထွန်းကိုင်ဆောင်ကာ
ဒို့ဘုရားရှင်ကို ကြိုဆိုကြပါတယ်။

ဒီလောက်ရှင်းပြလိုက်ရင်
ဒီနေ့ကို အဘိဓမ္မာအခါတော်နေ့ရယ်လို့ ဘာကြောင့်သတ်မှတ်ပြီးကျင်းပရတယ်၊
မီးရှူးမီးပန်းဘာကြောင့် လွှတ်ရတယ်၊
ဗျောက်အိုးတွေ ဘာကြောင့် ဖောက်ရတယ်ဆိုတာ သဘောပေါက်ရောပေါ့။

ဒီဘုရားရှင်ဗုဒ္ဓ၀င်ဇာတ်လမ်းမှာ အရေးကြီးတဲ့အချက်က
(အရင်နှစ်တုန်းက ပြောခဲ့သလိုပါပဲ)
ဒို့ဘုရားရှင်ဟာ
သူ့မယ်တော်ကြီးနဲ့ လူ့ပြည်မှာ ၇ ရက်သာ ဆုံစည်းခွင့်ရလိုက်တာတောင်
မယ်တော်ကြီးကျေးဇူးကို နတ်ပြည်အထိ လိုက်ဆပ်တယ်နော်။

ဒို့ညီငယ် ညီမငယ်တွေကတော့
အမေချက်ကျွေးတာ နှစ် ၂၀ မက စား၊
အမေပေးတာယူ၊
အမေ၀ယ်ပေးတာ ၀တ်၊
အမေသင်ပေးလိုက်တဲ့ ဘာသာစကားတွေပြော။
ဆိုတော့ အမေကို ကျေးဇူးအများကြီးဆပ်သင့်တာပေါ့။
အဖေလည်း ပါတာပေါ့နော်။ အဖေက ပိုက်ဆံရှာပေးသူမဟုတ်လား။

မိဘတွေကို ကျေးဇူးဆပ်တဲ့နေရာမှာ
အာမိသနဲ့ ကျေးဇူးဆပ်ခြင်း၊
ဓမ္မနဲ့ ကျေးဇူးဆပ်ခြင်းလို့ ကျေးဇူးဆပ်ခြင်း ၂ မျိုးရှိတယ်။

ဆက်ရန်…

Viewing all articles
Browse latest Browse all 145

Latest Images

အသိပေးခြင်း

အသိပေးခြင်း

Trending Articles


ရှမ်းကိုးပြည် တွင်ပါဝင်သော မိုးညှင်းပြည် နှင့် မိုးမိတ်ပြည် ကို ဘုရင့်နောင်...


ဒိုးဆက် ဂိမ်း [29.4 MB] [apk]


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ပထမဆုံး မြန်မာ့လေကြောင်းတိုက်ပွဲ


တာလေမြို့ ရန်အောင်ရွာတွင် တောင်သူ (၁၀၈)ဦးကို စိုက်ပျိုးနည်းပညာသင်တန်းပို့ချ


သာယာဝတီမင်း၏ နောက်ကွယ်မှ ရာဇ၀င်သမိုင်းဆိုးများ


"ပြည်ထောင်စုမယ်တဖြစ်လဲ မင်းသမီးခင်သန်းနု"


အစိုးရ၊တပ်မတော်နှင့် သမ္မတကြီးကို တိုက်ခိုက်အပုပ်ချမှုများ ပြုလုပ်နေသော်လည်း...


သက်ရှိဖြစ်စေ သက်မဲ့ဖြစ်စေ လာအောင် ချစ်အောင် ၀င်အောင် ဓာတ်ရိုက်ဓာတ်ဆင်နည်း