Quantcast
Channel: DHAMMA GARDEN CENTRE
Viewing all articles
Browse latest Browse all 145

ဒီဓလေ့ (၁)

$
0
0

(မလေးရှားရောက်ရွှေမြန်မာတို့ကို
သီတင်းကျွတ်လပြည့်ညက ကပုန်းကျောင်းတွင်
ဟောကြားဆုံးမပေးသောတရာတော်ဖြစ်ပါသည်။)
 
ဒီနေ့ သီတင်းကျွတ်လပြည့်နေ့
ဒို့သံဃာတော်အရှင်သူမြတ်တွေ ၀ါဆိုလပြည့်ကျော် ၁ ရက်နေ့ကနေပြီး
သီတင်းကျွတ်လပြည့်နေ့အထိ ရက် (၉၀) တိတိကို သီတင်းဝါလလို့ ခေါ်ပါတယ်။
ဒီနေ့ကတော့ သီတင်းဝါလ ကျွတ်တဲ့နေ့ လွတ်တဲ့နေ့၊ သီတင်းကျွတ်လပြည့်နေ့ပေါ့။

သီတင်းကျွတ်လပြည့်နေ့အကြောင်းကို ၂ ပိုင်းခွဲပြောချင်တယ်။
တစ်ပိုင်းက ပ၀ါရဏာနေ့အကြောင်းဖြစ်ပြီး
နောက်တစ်ပိုင်းကတော့ အဘိဓမ္မာအခါတော်နေ့အကြောင်းဖြစ်တယ်။
ပ၀ါရဏာဆိုတာ မြန်မာလို (အပြစ်ရှိရင် ပြောကြားဖို့) ဖိတ်ကြားတာ၊ ပန်ကြားတာ။
ဒါ့ကြောင့် ပ၀ါရဏာပွဲကို အင်္ဂလိပ်လို Invitation Ceremony လို့ ဘာသာပြန်ကြတယ်။

ဒီနှစ် သီတင်းကျွတ်လပြည့်နေမှာ
ဒီမလေးရှားရောက်နေတဲ့ဘုန်းကြီးတွေ ပ၀ါရဏာပွဲကျင်းပကြတယ်။
ကျင်းပတဲ့နေရာက ဘုန်းကြီးဦးဥတ္တမ သီတင်းသုံးနေထိုင်နေတဲ့
Petaling Jaya က Chempaka Buddhist Lodge မှာ။
သူများနိုင်ငံမှာဆိုတော့ ဒို့ဘုန်းကြီးတွေလည်း များများစားစားတော့ မရှိပါဘူး။
တစ်ကျောင်း တစ်ပါးနှုန်းသာရှိတဲ့ ကျောင်းဆယ်ကျောင်းက
သံဃာတော် ၁၀ ပါး တက်ရောက်တယ်ပေါ့။
အေး၊ ဘုရားရှင်ပညတ်ထားတဲ့ ၀ါတွင်းကာလမှာ  ခရီးမထွက်ရဘူးဆိုတဲ့
သိက္ခာပုဒ်တော်ကြောင့်ရယ်၊ အခြားအခြားသော အကြောင်းတွေကြောင့်ရယ်
ဒီကွာလာလမ်ပူအနီးတ၀ိုက်မှာ သီတင်းသုံးနေတဲ့ဘုန်းကြီးတွေ
မတွေ့ဆုံဖြစ်တာ အတော်ကြာပြီ။

ဒီနေ့ သီတင်းကျွတ်လပြည့် ပ၀ါရဏာနေ့ကြမှပဲ
တစ်နေရာတည်းမှာ (တစ်သိမ်တည်းမှာ) စုစုစည်းစည်း ဆုံတွေ့ပြီး
“တပည့်တော်အပေါ် အပြစ်တစုံတရာ တွေ့မြင် ကြားသိ ယုံမှားရှိခဲ့သော်
တပည့်တော်ကို ဆိုဆုံးမတော်မူကြပါ” လို့ အချင်းချင်း ပန်ကြား ဖိတ်ကြားလိုက်ရတာ
တော်တော်လေး အရသာရှိလိုက်တာ။
သက်ကြီးဝါကြီးဆရာတော်ကြီးတွေကလည်း ငယ်တဲ့ဆရာတော်လေးတွေကို ပန်ကြား၊
ငယ်တဲ့ဆရာတော်လေးတွေကလည်း ဆရာတော်ကြီးတွေကို ပန်ကြား။`
အချင်းချင်းရိုသေလေးစားမှု (အညမညဂါရ၀) ကို ပြတဲ့ပွဲလို့ ဆိုရင်လည်း မမှားဘူးပေါ့။
ဘုရားရှင်ချမှတ်ခဲ့တဲ့ အင်မတန်ထူးကဲမွန်မြတ်တဲ့ ဓလေ့တစ်ခုပါ။

ဒီအကျင့် ဒီမူ ဒီဓလေ့ကို အတုခိုးပြီး လူတွေလည်း
ဒီသီတင်းကျွတ်လပြည့်နေ့မှာ လူပ၀ါရဏာပွဲကျင်းပတာကို အကဲခတ်မိမှာပေါ့။
မိမိတို့ရဲ့ အဖိုး အဖွား မိဘ ဆရာသမားတွေဆီ သွားပြီး
“ကာယကံ ၀စီကံ မနောကံ ကံသုံးပါးတို့တွင် တစ်ပါးပါးသောကံဖြင့်
ပစ်မှားကျူးလွန်မိသည်ရှိသော် ထိုအပြစ်တို့ ပျောက်ပါစေခြင်းအကျိုးငှာ”
စသဖြင့် ကန်တော့တဲ့ဓလေ့လေး ထွန်းကားနေတယ်မို့လား။
ဒါ ဘုန်းကြီးပ၀ါရဏာကို လူ့ပ၀ါရဏာအဖြစ် မွေးစားယူလိုက်တာပါ။

ဒီလို သီတင်းကျွတ်လပြည့်ညချမ်းမှာ
မလေးရှားရောက်နေတဲ့ ညီငယ် ညီမငယ်တို့ကို
ဝမ်းနည်းစရာစကားလေး ထည့်မပြောချင်ပေမဲ့ ပြောရအုံးမယ်။
ဆိုကြပါစို့။
မောင်နှမ သုံးယောက်ရှိတယ်။
၂ ယောက်က မြန်မာပြည်မှာ။
တစ်ယောက်ကတော့ ဒီမလေးရှားရောက်နေတယ်။
မြန်မာပြည်မှာရှိတဲ့ သားသမီး ၂ ယောက်က ဒီအချိန်ဆို
မိဘတွေ ကန်တော့နေရောပေါ့။
ဒီလို ကန်တော့နေတဲ့အချိန် ဒီမိဘတွေဟာ မလေးရှားရောက်နေတဲ့ သားကို
သေချာပေါက် သတိရနေမှာပါ။
သတိရတာနဲ့တပြိုင်နက် ဒီမလေးရှားရောက်နေတဲ့သားအပေါ်မှာ
မေတ္တာလွှမ်းခြုံတဲ့ “နေရောကောင်းရဲ့လား၊ အဆင်ရောပြေရဲ့လား” ဆိုတဲ့
စိုးရိမ်စိတ်တွေ ပေါ်ပေါက်နေမယ်လို့ ထင်ပါတယ်။

ကဲ မေးလိုက်ပါရစေ၊ ဒီမလေးရှားရောက်နေတဲ့ သားဖြစ်သူကရော
ဒီနေ့ သီတင်းကျွတ်လပြည့်ညမှာ မိဘတွေအပေါ်
ဘယ်လိုဖီလင်မျိုး ဖြစ်ပေါ်လာပါသလဲ။
မြန်မာပြည်က မိဘတွေကို ကိုယ့်ညီအကို မောင်နှမတွေက
ကာယကံမြောက် ကန်တော့နေတဲ့အချိန်
ကိုယ်က မလေးရှားကနေပြီး ဖုန်းလေးဆက်ကာ
ဝစီကံမြောက် ကန်တော့ဖြစ်ရဲ့လား။
ကန်တော့ဖို့ စိတ်ကူးပေါ်ရဲ့လား။
အနိမ့်ဆုံးအဆင့် မိဘတွေဆီ ဖုန်းလေးဆက်ကာ
ကန်တော့ပေးဘို့ တိုက်တွန်းလိုပါတယ်။

မလေးရှားနိုင်ငံရောက်မှ ဒို့ဗုဒ္ဓဘာသာတွေအမြဲကျင့်သုံးလာတဲ့
လူ့ပ၀ါရဏာပွဲ
(တနည်းပြောရရင်)
သီတင်းကျွတ်လပြည့်ည ကန်တော့ခြင်းအလေ့အထကို
မဖျောက်ဖျက်လိုက်ပါနဲ့။

မြန်မာဗုဒ္ဓဘာသာတို့မှာသာရှိတဲ့ မြန်မာဗုဒ္ဓဘာသာတို့ရဲ့ ဒီဓလေ့လေးဟာ
သိပ်ကို မြတ်နိုးဖွယ်ကောင်းပါတယ်။ သိပ်ကို တန်ဘိုးကြီးပါတယ်။
ဆက်ရန်....

Viewing all articles
Browse latest Browse all 145

Latest Images

အသိပေးခြင်း

အသိပေးခြင်း

Trending Articles


အမှတ်တမဲ့တွေ့ လိုက်ရတဲ့မိန်းခလေး


ကျော်မောင် (တိုင်းတာရေး) ● နောက်ကစီပါ


ဒိုးဆက် ဂိမ်း [29.4 MB] [apk]


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ပထမဆုံး မြန်မာ့လေကြောင်းတိုက်ပွဲ


တာလေမြို့ ရန်အောင်ရွာတွင် တောင်သူ (၁၀၈)ဦးကို စိုက်ပျိုးနည်းပညာသင်တန်းပို့ချ


သာယာဝတီမင်း၏ နောက်ကွယ်မှ ရာဇ၀င်သမိုင်းဆိုးများ


"ပြည်ထောင်စုမယ်တဖြစ်လဲ မင်းသမီးခင်သန်းနု"


အစိုးရ၊တပ်မတော်နှင့် သမ္မတကြီးကို တိုက်ခိုက်အပုပ်ချမှုများ ပြုလုပ်နေသော်လည်း...


သက်ရှိဖြစ်စေ သက်မဲ့ဖြစ်စေ လာအောင် ချစ်အောင် ၀င်အောင် ဓာတ်ရိုက်ဓာတ်ဆင်နည်း


ရှမ်းကိုးပြည် တွင်ပါဝင်သော မိုးညှင်းပြည် နှင့် မိုးမိတ်ပြည် ကို ဘုရင့်နောင်...


အလောင်းမင်းတရားမှ ဟံသာဝတီပဲခူးကို သိမ်းပိုက်နိုင်ခြင်း


ရဟန်းခံပြုလိုသော ပဏ္ဍက (ပဏ္ဍုက်)များသို့


ခြေလျင်နှင့်ခြေမြန်တပ်ရင်းများကွာခြားပုံ


တာချီလိတ်တွင် အိမ်ဆောက်မိန့်ထောက်ခံစာများအား ကွင်းဆင်းစစ်ဆေးပြီးမှ ထုတ်ပေးရန်...


ဦးအောင်ဇေယျမှ ကုန်းဘောင်မင်းဆက်တည်ဆောက်ခြင်း အစ


ပြည်မင်းသား၏ သားတော် ပြည်ထိပ်တင်တုတ် အကြောင်း


၂၀၁၃ ခုနှစ် နိုဘဲဆုရှင်အဖြစ် သမ္မတ ဦးသိန်းစိန် တင်သွင်းခံရ


ဘူးလက်ပြောတဲ့ လူမိုက် ၀င်းနိုင်


မြန်မာနိုင်ငံပညာရေးစနစ် ပြုပြင်ပြောင်းလဲရေးဆိုင်ရာ ဆွေးနွေးပွဲ (ဇန်န၀ါရီ ၂၊...