Quantcast
Channel: DHAMMA GARDEN CENTRE
Viewing all articles
Browse latest Browse all 145

မဖြစ်သင့်တဲ့အရာ

$
0
0
မနေ့က ကျောင်းကို လူငယ်လူရွယ်မိသားစုတစ်စုရောက်လာတယ်။
မိသားစုဆိုပေမဲ့ မိဘနှစ်ဦးနဲ့ သားလေးတစ်ယောက်၊
စုစုပေါင်း သုံးယောက်သာရှိတဲ့ မိသားစုလေးပါ။
မိဘနှစ်ဦးမှာ အမျိုးသားဖြစ်တဲ့သူ ပြောပြတာက
သူဟာ မြန်မာပြည်၊ ရန်ကုန်အနီးနားက မြို့လေးတစ်မြို့က ဖြစ်တဲ့အကြောင်း၊
ဒီမလေးရှားနိုင်ငံမှာ အကြောင်းကြောင်းကြောင့်
အင်ဒိုနီးရှားနိုင်ငံသူ ခရစ်ယာန်ဘာသာဝင်အမျိုးသမီးကို လက်ထပ်ဖြစ်ကြောင်း၊
 မြန်မာဆိုင်လေးဖွင့်ထားပါကြောင်း၊ စီးပွါးရေးလဲ အဆင်ပြေပါကြောင်း၊
သူက ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်တဲ့မိသားစုအသိုင်းအ၀ိုင်းက ဖြစ်လို့
ဗုဒ္ဓဘာသာအကြောင်း ကောင်းကောင်းနားလည်ပါကြောင်း၊ ဘာသာရေး ကိုင်းရှိုင်းပါကြောင်း၊
သူဘာသာရေးနားလည်ကိုင်းရှိုင်းသလို သူ့ဇနီးဖြစ်သူကိုလဲ အခါအားလျှော်စွာ ပြောပြပါကြောင်းစသဖြင့်
လူမှုရေး၊ စီးပွါးရေး၊ ဘာသာရေးတွေကို လျှောက်ထားပါတယ်။

ဒကာလေးဆက်လက်လျှောက်ထားတာက
သူဟာ ဘာသာရေးကို လေးစားကိုင်းရှိုင်းသူဖြစ်သည့်အားလျော်စွာ
သူ့သားလေး အရွယ်ရောက်လာသည့်အတွက်
ရှင်ပြုပေးဘို့အရေး ကြိုးစားဖြစ်ပါတယ်တဲ့။
မြန်မာပြည်က ရှင်သာမဏေ၀တ် သင်္ကန်းလေးတွေကအစ လူကြုံနဲ့မှာယူဖြစ်ပါတယ်တဲ့။
အားလုံး အဆင်သင့်ဖြစ်တဲ့အခါ
နီးစပ်ရာကျောင်းက ကျောင်းထိုင်ဆရာတော်ထံ အကျိုးအကြောင်းသွားလျှောက်ပါသတဲ့။
ဆရာတော်ပေးလိုက်တဲ့ ရက်မှာ အလှူလုပ်ဖြစ်ပါသတဲ့။
ကျောင်းထိုင်ဆရာတော်က သားလေးကို ဆံချ၊ သင်္ကန်းဝတ်ပေးပြီး ထိုင်ခိုင်းပါတယ်တဲ့။
သားလေးရဲ့ ခေါင်းမှသည် နောက်ကျောအထိ ပွတ်သပ်ပေးကာ
“ကိုရင်ဖြစ်စေ၊ ကိုရင်ဖြစ်စေ၊ ကိုရင်ဖြစ်စေ” လို့ သုံးကြိမ်ရွတ်ဆိုလိုက်ပါသတဲ့။
ဒါနဲ့ပဲ သူ့သားလေးဟာ ကိုရင်ဖြစ်သွားပါသတဲ့။
ကိုရင်ဝတ်ခြင်း၊ အလှူလုပ်ခြင်းကိစ္စ ပြီးဆုံးသွားပါသတဲ့။

အထက်ကပြောခဲ့သလို ဒီဒကာလေးဟာ ဘာသာရေးကိုင်းရှိုင်းတဲ့ မိသားစုမှာ
ကြီးပြင်းလာတာဆိုတော့ ကိုရင်ဝတ်ပုံအစီအစဉ်တွေကို သိရှိပြီးသားပါတဲ့။
နိုင်ငံခြားကို ကြွရောက်သီတင်းသုံးနေတဲ့ ဘုန်းကြီးတစ်ပါးအနေနဲ့
ကိုရင် ရှင်ပြုအလှူတော်မင်္ဂလာလုပ်တဲ့အခါမှာ လုပ်ပုံလုပ်နည်း ထုံးတမ်းစဉ်လာကို
မသိရကောင်းလားဆိုပြီး ဒီဒကာလေးက မချင့်မရဲ အားမလိုအားမရဖြစ်နေပြီး လျှောက်ထားတာပါ။

ဒါနဲ့ပဲ ဒီနေ့မနက်ခင်း သူပြောတဲ့ကျောင်းမှာ ဘယ်ဘုန်းကြီးများကျောင်းထိုင်နေသလဲဆိုပြီး
စုံစမ်းဖြစ်ပါတယ်။
သိလိုက်ရတာက ဘာစာမှ မသင်ဘူးတဲ့
 
 ဒီမလေးရှားနိုင်ငံကို လာပြီး အလုပ်လုပ်နေတဲ့သူက ယာယီဒုလ္လဘ၀တ်ရင်းက
လူမထွက်ဖြစ်ပဲ ဆက်ဝတ်ရင်းဝတ်ရင်း ကျောင်းထိုင်ဘုန်းကြီးအဆင့်ကို ရောက်ရှိနေတာပါ။

တကယ်တော့ ဒါမျိုး ဘာစာမှ မသင်ဘူး၊ ဘာတရားမှ မကျင့်ဘူးပဲနဲ့
ဆရာနည်းမရ ဘာနည်းမှမရပဲနဲ့ ကျောင်းထိုင်ဘုန်းကြီး မလုပ်သင့်ပါဘူး။ မဖြစ်သင့်ပါဘူး။
ဒီကိစ္စ ဒီလိုဖြစ်လာတာဟာ ဒီယာယီဝတ်လာတဲ့သူကို ၀တ်ပေးတဲ့ ဘုန်းကြီးမှာလဲ တာဝန်ရှိပါတယ်။

ကိုယ့်ပတ်ဝန်းကျင် ကိုးကွယ်သူတွေ အကျိုးရှိဘို့ အကိုးကွယ်ခံဘုန်းကြီးတွေအနေနဲ့
ပရိယတ္တိစာပေကျမ်းဂန်သင်ဘူးထားရုံတင်မကပဲ ပဋိပတ္တိအကျင့်ကိုလဲ နီးစပ်ရာ ရိပ်သာမှာ
ဝင်ရောက်ပြီး တရားကျင့်ဘူးတဲ့အတွေ့အကြုံရှိထားသင့်ပါတယ်။

သို့ကလိုမဟုတ်ပဲ ဒီနိုင်ငံကို အလုပ်လာလုပ်ရင်း ယာယီဒုလ္လဘ၀တ်ရင်းက ဆက်ဝတ်ပြီး
အဆင်ပြေသလို ကျောင်းထိုင်ဘုန်းကြီးလုပ်ကာ
ရှင်ပြုအလှူတော်မင်္ဂလာပွဲမှာ
သကလ ၀ဋ္ဋ နိဿရဏ စတဲ့ သင်္ကန်းတောင်းတောင် မရတဲ့
တောထွက်ခင်ကြီးတွေ များလာရင်ဖြင့် ရင်လေးစရာ။

Viewing all articles
Browse latest Browse all 145

Latest Images

အသိပေးခြင်း

အသိပေးခြင်း

Trending Articles


အမှတ်တမဲ့တွေ့ လိုက်ရတဲ့မိန်းခလေး


ကျော်မောင် (တိုင်းတာရေး) ● နောက်ကစီပါ


ဒိုးဆက် ဂိမ်း [29.4 MB] [apk]


Burmese to English Dictionary (Unicode)


ခြေလျင်နှင့်ခြေမြန်တပ်ရင်းများကွာခြားပုံ


တာချီလိတ်တွင် အိမ်ဆောက်မိန့်ထောက်ခံစာများအား ကွင်းဆင်းစစ်ဆေးပြီးမှ ထုတ်ပေးရန်...


ဦးအောင်ဇေယျမှ ကုန်းဘောင်မင်းဆက်တည်ဆောက်ခြင်း အစ


"ပြည်ထောင်စုမယ်တဖြစ်လဲ မင်းသမီးခင်သန်းနု"


အစိုးရ၊တပ်မတော်နှင့် သမ္မတကြီးကို တိုက်ခိုက်အပုပ်ချမှုများ ပြုလုပ်နေသော်လည်း...


သက်ရှိဖြစ်စေ သက်မဲ့ဖြစ်စေ လာအောင် ချစ်အောင် ၀င်အောင် ဓာတ်ရိုက်ဓာတ်ဆင်နည်း


အလောင်းမင်းတရားမှ ဟံသာဝတီပဲခူးကို သိမ်းပိုက်နိုင်ခြင်း


ရဟန်းခံပြုလိုသော ပဏ္ဍက (ပဏ္ဍုက်)များသို့


ရှမ်းကိုးပြည် တွင်ပါဝင်သော မိုးညှင်းပြည် နှင့် မိုးမိတ်ပြည် ကို ဘုရင့်နောင်...


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ပထမဆုံး မြန်မာ့လေကြောင်းတိုက်ပွဲ


တာလေမြို့ ရန်အောင်ရွာတွင် တောင်သူ (၁၀၈)ဦးကို စိုက်ပျိုးနည်းပညာသင်တန်းပို့ချ


ပြည်မင်းသား၏ သားတော် ပြည်ထိပ်တင်တုတ် အကြောင်း


၂၀၁၃ ခုနှစ် နိုဘဲဆုရှင်အဖြစ် သမ္မတ ဦးသိန်းစိန် တင်သွင်းခံရ


ဘူးလက်ပြောတဲ့ လူမိုက် ၀င်းနိုင်


မြန်မာနိုင်ငံပညာရေးစနစ် ပြုပြင်ပြောင်းလဲရေးဆိုင်ရာ ဆွေးနွေးပွဲ (ဇန်န၀ါရီ ၂၊...