Quantcast
Channel: DHAMMA GARDEN CENTRE
Viewing all articles
Browse latest Browse all 145

ကွမ်းစားသူအတွက်

$
0
0

ကွမ်းစားသူတွေအတွက် ဥပဒေ ထုတ်ပေးပါ။

မြန်မာလူမျိုးတွေ ကွမ်းအတော်စားကြတယ်။
ဟိုတလောက မြန်မာပြည်ရောက်တုန်းက အညာဘက် ဇာတိမြေကို သွားတော့
အသိဒကာတစ်ယောက်ကို ခေါ်သွားတယ်။
ဒကာက ကားလည်းမောင်း၊ ကပ္ပိယလည်း လုပ်ပေါ့။
ဒကာက ကားမောင်းရင်း ကွမ်းအတော်ဝါးတယ်။
ရန်ကုန် မန္တလေး အမြန်လမ်းမပေါ်မှာ
ကွမ်းဝါးရင်း ကားတံခါးကို ဖွင့်၊ ကွမ်းထွေးတွေ ထွေးထုတ်နေလို့
ပြောဆို ဆုံးမဖြစ်တယ်။
 
“ကွမ်းထွေးတွေကို အဲ့လို တွေ့ကရာ နေရာမှာ မထွေးသင့်ဘူး ဒကာကြီး”
“ဒီနားမှာ ဘယ်သူမှ မရှိပါဘူး။ ဘယ်သူမှ မမြင်ပါဘူး ဦးဇင်းရဲ့”
“ဘယ်သူမှ မရှိရှိ၊ ဘယ်သူမှ မမြင်မြင်၊ လမ်းပေါ်မှာ ကွမ်းထွေး မထွေးရဘူး ဒကာကြီးရဲ့၊
လမ်းလည်း ညစ်ပတ်တယ်၊ ကားကို အရှိန်နဲ့မောင်းနေတော့ ကားတံခါးဖွင့် ကွမ်းထွေးထွေးတာ
အန္တရာယ်လည်း များတယ်မို့လား။ ဦးဇင်းတို့လူမျိုးတွေ ရန်ကုန်မြို့လယ်ခေါင် လမ်းတွေပေါ်မှာလည်း
ကွမ်းထွေးတွေ ထွေးထားတာ မြင်မကောင်းဘူး။ တချို့လူတွေ ဘတ်စ်ကားပေါ်မှာ ကွမ်းဝါးပြီး
ပလပ်စတစ်အိပ်လေးတွေထဲ ထွေးထည့်တယ်။
အိပ်ပြည့်တော့ ကွမ်းထွေးထုတ်ကို လမ်းပေါ်ပစ်ချတယ်။
အတော်လေး အဆင့်အတန်းနိမ့်တယ်။
ကိုယ်ဒီလိုလုပ်တာ အဆင့်အတန်းနိမ့်ပါလားဆိုတဲ့အသိတော့ ရှိသင့်တယ်။
တကယ်တော့ ဒီလိုလုပ်တာ နိုင်ငံနဲ့ လူမျိုးပါ ထိခိုက်တယ်။
နိုင်ငံနဲ့လူမျိုးပါ သိက္ခာကျတယ်။
ကိုယ်ထွေးတဲ့တံတွေး ကိုယ်ကိုယ်တိုင်လည်း ပြန်မကြည့်ချင်ဘူး။
ကိုယ်ကိုယ်တိုင်မကြည့်ချင်တဲ့ ကိုယ့်တံတွေးကို သူများက ဘယ်ကြည့်ချင်ပါ့မလဲ။
အင်မတန် ရွံစရာကောင်းတာကိုး။
ဒီလို ရွံစရာကောင်းတဲ့ ကွမ်း (တံတွေး) တွေကို တွေ့ကရာနေရာတွေမှာ မထွေးထုတ်သင့်ဘူး။
ဖြစ်နိုင်ရင် ကွမ်းမစားတာ အကောင်းဆုံးပဲ။
မလေးရှားနိုင်ငံမှာတော့ ကွမ်းတံတွေးကြောင့် အိမ်ငှားရတာတောင် ရွှေမြန်မာတွေ အခက်တွေ့နေပြီတဲ့။
မလေးရှားနိုင်ငံက အိမ်ရှင်တွေက မြန်မာဆိုရင် အိမ်မငှားချင်တော့ဘူးတဲ့။
ဘာလို့လဲဆိုတော့
မြန်မာတွေကို အခန်းငှားလိုက်ရင် အိမ်ငှားတင်လိုက်ရင်
အဲ့ဒီအိမ်ရဲ့ အတက်အဆင်းလှေခါးတွေရဲ့ ဒေါင့်တွေမှာ ကွမ်းထွေးတွေနဲ့ ညစ်ပတ်လွန်းလို့တဲ့။
သန့်ရှင်းနေတဲ့ လှေခါးဒေါင့်တွေမှာ ကွမ်းထွေးမထွေးသင့်ဘူးဆိုတဲ့ အသိဥာဏ်တောင်
ဒို့လူမျိုးတွေမှာ မရှိကြတော့ဘူးလား။

Viewing all articles
Browse latest Browse all 145

Trending Articles


ကျော်မောင် (တိုင်းတာရေး) ● နောက်ကစီပါ


ရှမ်းကိုးပြည် တွင်ပါဝင်သော မိုးညှင်းပြည် နှင့် မိုးမိတ်ပြည် ကို ဘုရင့်နောင်...


ဒိုးဆက် ဂိမ်း [29.4 MB] [apk]


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ပထမဆုံး မြန်မာ့လေကြောင်းတိုက်ပွဲ


တာလေမြို့ ရန်အောင်ရွာတွင် တောင်သူ (၁၀၈)ဦးကို စိုက်ပျိုးနည်းပညာသင်တန်းပို့ချ


ပြည်မင်းသား၏ သားတော် ပြည်ထိပ်တင်တုတ် အကြောင်း


၂၀၁၃ ခုနှစ် နိုဘဲဆုရှင်အဖြစ် သမ္မတ ဦးသိန်းစိန် တင်သွင်းခံရ


ဘူးလက်ပြောတဲ့ လူမိုက် ၀င်းနိုင်


အလောင်းမင်းတရားမှ ဟံသာဝတီပဲခူးကို သိမ်းပိုက်နိုင်ခြင်း


ရဟန်းခံပြုလိုသော ပဏ္ဍက (ပဏ္ဍုက်)များသို့


အမှတ်တမဲ့တွေ့ လိုက်ရတဲ့မိန်းခလေး


Burmese to English Dictionary (Unicode)


ခြေလျင်နှင့်ခြေမြန်တပ်ရင်းများကွာခြားပုံ


တာချီလိတ်တွင် အိမ်ဆောက်မိန့်ထောက်ခံစာများအား ကွင်းဆင်းစစ်ဆေးပြီးမှ ထုတ်ပေးရန်...


ဦးအောင်ဇေယျမှ ကုန်းဘောင်မင်းဆက်တည်ဆောက်ခြင်း အစ


"ပြည်ထောင်စုမယ်တဖြစ်လဲ မင်းသမီးခင်သန်းနု"


အစိုးရ၊တပ်မတော်နှင့် သမ္မတကြီးကို တိုက်ခိုက်အပုပ်ချမှုများ ပြုလုပ်နေသော်လည်း...


သက်ရှိဖြစ်စေ သက်မဲ့ဖြစ်စေ လာအောင် ချစ်အောင် ၀င်အောင် ဓာတ်ရိုက်ဓာတ်ဆင်နည်း